ဟင်္သာတမြို့နယ်အတွင်းရှိ  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ

ဟင်္သာတ ဧပြီ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအား  အရှိန်မြှင့်၍ သက်မှတ်ကာလတွင် အချိန်မီ ရာနှုန်းပြည့် ပြီးစီး အောင်မြင်ရေး ဆောင်ရွက်လျက်ရှိရာ ဟင်္သာတ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာ များရှိ   သတ်မှတ်ထားသည့်နေရာများတွင် ဦးတည်အုပ်စုများမှ ကာကွယ်ဆေး မထိုးနှံ ရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး​လျက်ရှိသည်။

ဟင်္သာတခရိုင်နှင့်မြို့နယ်  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်‌ရေး‌ကော်မတီအနေဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူတိုင်းစေ့ ထိုးနှံပြီးစီးရန် လိုအပ်သည့်အတွက် ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်ထားသည့် နေရာများတွင် ကာကွယ်ဆေး ထိုးနှံရမည့် လူဦးရေ စုစုပေါင်း ၂၇၃၁၀၃ ဦးရှိရာ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ  (၂၂၃၁၂၈)ဦး ဒုတိယအကြိမ် ထိုးနှံပြီးသူ (၁၇၈၈၃၇)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး  ကော်မတီဥက္ကဋ္ဌထံမှ သိရသည်။

ကိုဇော်-ဟင်္သာတ