သံတောင်ကြီးမြို့နယ်တွင် သင်ရိုးသစ် Grade 5 ဗဟိုအဆင့်နည်းပြ  Traing   of  Trainor  (TOT) သင်တန်းဖွင့်လှစ်

သံတောင်ကြီး ဧပြီ ၂၁

ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်ရိုးသစ် Grade 5 ဗဟိုအဆင့်နည်းပြ   Traing   of  Trainor (TOT)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် သံတောင်ကြီးမြို့ အထကကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် Online  စနစ်ဖြင့်ဖွင့်လှစ် ပို့ချခဲ့သည်။

ရှေးဦးစွာ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာလွင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းတွင် ပညာရေးသုတေသန ၊ စိမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်စန္ဒာလွင်နှင့် နည်းပြဆရာ(၂)ဦး ၊ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဒေါက်တာအောင်ကျော်ပါနှင့် ဆရာ/ဆရာမများက သင်ကြားပို့ချ မည်ဖြစ်ရာ သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာအသီးသီးမှ မူလတန်းကျောင်းအုပ်ဆရာမနှင့် မူလတန်းပြဆရာ/ဆရာမများ စုစုပေါင်း(၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 (TOT)သင်တန်းတွင် နံနက်(၉)နာရီ မှညနေ(၄)နာရီ အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ ယမန်နေ့တွင် မြန်မာစာ ၊ ဧပြီ ၂၁ ရက်နေ့တွင် အင်္ဂလိပ်စာ၊  ဧပြီ ၂၂ ရက်နေ့တွင် သင်္ချာ ၊ ဧပြီ ၂၃ ရက်နေ့တွင် သိပ္ပံ၊ ဧပြီ ၂၄ ရက်နေ့တွင် လူမှုရေး ၊ ဧပြီ ၂၅ ရက်နေ့တွင် စာရိတ္တ ၊ ပြည်သူ့နီတိနှင့် ကာယပညာများ အသီးသီးသင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ