သတင်းများ

လားရှိုးမြို့တွင် Grade 5 သင်ရိုးသစ်သင်တန်းဖွင့်လှစ်
Apr 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းပြ ဆရာ/  ဆရာမများနှင့် နမ့်ဆန်မြို့၊ မန်တုံမြို့တို့မှ ဆရာ/ဆရာမများအား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း တို့တွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က Grade-5 သင်ရိုးသစ်သင်တန်းကို တပြိုင်နက် တည်းဖွင့်လှစ်ခဲ့သည်။
အခြေခံပညာမူလတန်းအဆင့် ပဉ္စမတန်း (Grade-5) သင်ရိုးသစ် ဗဟိုအဆင့် နည်းပြ (TOT) သင်တန်းကို သာစည်မြို့နယ်ပညာရေးမှူးရုံးတွင် Online မှဖွင့်လှစ်ပို့ချ
Apr 21,2022
မန္တလေးတိုင်းဒေသကြီး    သာစည်မြို့နယ် ပညာရေးမှူးရုံး၌  အခြေခံပညာဦးစီးဌာန  ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online က ပို့ချပေးလျက်ရှိသော အခြေခံ ပညာမူလတန်းအဆင့် ပဉ္စမတန်း (Grade-5) သင်ရိုးသစ် ဗဟိုအဆင့် နည်းပြ (TOT) သင်တန်းတွင် ယနေ့နံနက် ၉ နာရီက အင်္ဂလိပ်စာဘာသာရပ်  ဆက်လက်ပို့ချပေး လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) online သင်တန်း စတင်ဖွင့်လှစ်
Apr 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (ToT) သင်တန်းကို ဧပြီလ၂၀ရက်နေ့က မြို့နယ်ပညာရေးမှူးရုံးတွင် online စနစ်ဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ ဒုတိယနေ့အဖြစ် နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း  သိရသည်။
မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ် နည်းပြသင်တန်းအား အွန်လိုင်း စနစ်ဖြင့် သင်တန်းပို့ချ
Apr 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် သင်ရိုးသစ် (Grade – 5) ဗဟိုနည်းပြ (TOT) သင်တန်း Online မှ တစ်ဆင့် တက်ရောက်
Apr 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဖွင့်လှစ်လျက်ရှိသည့် သင်ရိုးသစ် (Grade – 5) ဗဟိုနည်းပြ (TOT) သင်တန်းကို ယနေ့နံနက်ပိုင်းက အ.ထ.က ကျွန်းစုကျောင်းရှိ ပညာဗိမာန်ခန်းမ၌ အခြေခံပညာမူလတန်း ကျောင်းအုပ်များက Online မှ တစ်ဆင့်တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 21,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ အငြိမ်းစား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Apr 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့ နံနက် ၉ နာရီခွဲ အချိန်မှစ၍ အငြိမ်းစား ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်ပင်ပေါင်း ၈၆၀၀၀ ကျော် စိုက်ပျိုး သွားမည်
Apr 21,2022
မိတ္ထီလာမြို့နယ်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးရန်အတွက် သစ်ပင်ပေါင်း ၈၆၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။