သတင်းများ

ဗဟိုအဆင့် (Grade-5) သင်ရိုးသစ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနမှ Online Training အဖြစ် ဘာသာရပ် (၇) မျိုးအား သင်ကြား ပို့ချ
Apr 21,2022
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် ဗဟိုအဆင့် (Grade-5) သင်ရိုးသစ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online Training အဖြစ် ဘာသာရပ် (၇) မျိုးအားသင်ကြား ပို့ချပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်း နည်းပြ (မူအုပ်) ဆရာ၊ ဆရာမ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှု မရှိစေရေး အစိုးရရုံးဌာနများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်
Apr 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်၊ မီးလန့်မှုမရှိစေရေးအတွက် အစိုးရဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ညနေ ၅ နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေး ဆောင်ရွက် လျက် ရှိသည်။
ဟိုင်းကြီးကျွန်းမြို့တွင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ရင်ပြင်တော် တိုးချဲ့ပြုပြင်ရေးနှင့် ဘက်စုံပြုပြင်တည်ဆောက်နိုင်ရေး အစည်းအဝေးကျင်းပ
Apr 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ရင်ပြင်တော် တိုးချဲ့ပြုပြင်ရေးနှင့် ဘက်စုံပြုပြင် တည်ဆောက်နိုင်ရေး အတွက် စေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတာ်ဘုရားများနှင့် ဒေသခံဆရာတော် ဘုရားကြီးတို့ထံမှ သြဝါဒခံယူ၍ ဧရာဝတီတိုင်းဒေသကြီး လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံရပ်မိရပ်ဖများ ပါဝင်သော အစည်းအဝေးတစ်ရပ်ကို ယနေ့ နံနက် ၉နာရီအချိန်တွင် ပမ္မဝတီရေတပ်ခန်းဌာနချုပ်၊ ပမ္မဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်း ဖွင့်လှစ်
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းအား မြို့နယ်ပညာရေးမှူး၏ စီမံမှုဖြင့် ဖွင့်လှစ်ခဲ့သည်။
သာယာဝတီမြို့၌ “လူငယ်နှင့်မလိုလားအပ်သော အလေ့အထများ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Apr 21,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်သာယာဝတီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်အသင်း ( Youth Club)နှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ “လူငယ်လမ်းညွှန် စာအုပ်မှ စာရေးရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် “လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီက ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့နယ်မှ ဆရာ/ဆရာမများအား သင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းပို့ချ
Apr 21,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် (Grade-5) ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေး ကောင်းမွန်စေရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ မှစတင်၍ ဆင်ပေါင်ဝဲမြို့နယ် ပညာရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်
Apr 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ပညာရေးမှူးရုံးခန်း၌ အခြေခံပညာရေး    သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နေပြည်တော်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟို အဆင့်နည်းပြ (TOT) Online သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ဗန်းမော်မြို့နယ်မှ ဆရာ/ဆရာမ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ဖြူးမြို့နယ်တွင် ပြုလုပ်
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူး မြို့နယ်တွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ ပြုလုပ်သော သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖြူးမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပို့ချပေးကြောင်း သိရသည်။