သတင်းများ

ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT)သင်တန်း စတင်ဖွင့်လှစ်
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ (TOT)သင်တန်းကို ယနေ့၊ နံနက်(၉)နာရီ အချိန်မှစတင်၍ အ.ထ.က(၂) ပညာ့ဗိမာန်ခန်းမတွင် Online စနစ်ဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူ လူမှုဖွံ့ဖြိုးတိုးတက်​ရေး ပရဟိတအသင်းသို့ Flow Meter များ လာ​ရောက်လှူဒါန်း
Apr 20,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက် ​ပေါက်​စေတီလမ်းရှိ မြန်မာ့ကြယ်ဖြူ လူမှုဖွံ့ဖြိုး တိုးတက်​ရေး ပရဟိတအသင်းသို့ Flow Meter များကို ယမန်​နေ့နံနက်ပိုင်းက လာ​ရောက်လှူဒါန်းခဲ့သည်။
မြန်အောင်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grde-5 (သင်ရိုးသစ်) ဗဟိုအဆင့် Online (TOT) နည်းပြသင်တန်းဖွင့်လှစ်
Apr 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grde-5 (သင်ရိုးသစ်) ဗဟိုအဆင့် Online (TOT) နည်းပြသင်တန်း ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာ ခန်းမတွင် ယနေ့ နံနက်မှစ၍ Zoom Meeting ဖြင့် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ အခြေခံပညာ( Grade-5) သင်ရိုးသစ် (TOT) ဗဟိုအဆင့်နည်းပြ online သင်တန်း ဖွင့်လှစ်
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ပညာရေးမှူးရုံးက ကြီးကြပ်မှုဖြင့် အခြေခံပညာ (Grade-5) သင်ရိုးသစ် (TOT) ဗဟိုအဆင့်နည်းပြ online သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က အမှတ်(၂)ရပ်ကွက်ရှိ ရုံးကြီး အခြေခံပညာ မူလတန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ အ.ထ.က(၁)စွမ်းအားခန်းမ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကျောက်တော်မြို့နယ် Community Centre ခန်းမတွင် အလယ်တန်းအဆင့် အခြေခံပန်းချီနှင့် အင်္ဂလိပ်စာသင်တန်း (အခမဲ့)ဖွင့်လှစ်
Apr 20,2022
မြောက်ဦးခရိုင်၊ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် မေတ္တာဥယျာဉ်ပရဟိတကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် အလယ်တန်းအဆင့် နွေရာသီအခြေခံပန်းချီနှင့် အင်္ဂလိပ်စာသင်တန်း(အခမဲ့)ဖွင့်ပွဲကို ဧပြီလ ၂၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်  အခြေခံကွန်ပျူတာ အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည်
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌ပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ အခြေခံကွန်ပျူတာ အခမဲ့သင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအား လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အရှိုန်အဟုန်မပြက် ထိုးနှံပေး
Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ အရှိုန်အဟုန်မပြက် ထိုးနှံပေးလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန်ကလည်း ငါ့သရောက်မြို့ တိုက်နယ်ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။