မရမ်းကုန်း ဧပြီ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grede–5 ဗဟိုအဆင့် နည်းပြ(TOT) Online သင်တန်းကို ယမန်နေ့နံနက် ၉:၀၀နာရီအချိန် စတင်ကာ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်က တစ်နိုင်ငံလုံး တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းများရှိ ဆရာ/ ဆရာမ (၁၇)ဦးမှ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ Online စနစ်ဖြင့် စုပေါင်းတက်ရောက်သင်ကြားလျက်ရှိသည်။
သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ဧပြီ ၂၀ ရက် မှ ၂၅ ရက်ထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးမြောက်ပါက မြို့နယ်အတွင်းအရှိ ဘာသာရပ်သင်ဆရာ၊ ဆရာမ များအား ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးအောင်