ဆင်ပေါင်ဝဲ ဧပြီ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် (Grade-5) ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေး ကောင်းမွန်စေရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ မှစတင်၍ ဆင်ပေါင်ဝဲမြို့နယ် ပညာရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ များက သင်ရိုးသစ် (Grade-5) ဘာသာရပ်များအလိုက် သင်ခန်းစာခေါင်းစဉ်များကို ဧပြီလ(၂၀) ရက်မှ(၂၅)ရက်နေ့အထိ ဖွင့်လျက်သွားမည်ဖြစ်ရာ ဆင်ပေါင်ဝဲမြို့နယ်ရှိ မူလတန်း ကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမ (၃၀)ဦးမှ online ဖြင့် တက်ရောက်လျက်ရှိကြသည်။
အဆိုပါသင်တန်းသို့ တက်ရောက်လျက်ရှိသည့် မူလတန်းကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမများက မြို့နယ်အတွင်းရှိ အခြေခံပညာရေး ကျောင်းများ၌ သင်ရိုးသစ် (Grade-5) သင်ကြားမည့် ဆရာ/ဆရာမများအားထပ်ဆင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)