သာယာဝတီမြို့၌ “လူငယ်နှင့်မလိုလားအပ်သော အလေ့အထများ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

သာယာဝတီ ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်သာယာဝတီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်အသင်း ( Youth Club)နှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ “လူငယ်လမ်းညွှန် စာအုပ်မှ  စာရေးရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် “လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးခိုင် (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော လူငယ်အသင်းနှင့် စာပေချစ်မြတ်နိုး သူများအသင်း အတွင်းရေးမှူး မိုးသည်းအောင်(ပန်းမြေ)၊ အသင်းဝင် ဦးတင်လှိုင် (သာယာဝတီ)တို့က “လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး" ခေါင်းစဉ်ပါ အကြောင်းအရာများအား ၎င်းတို့၏ အတွေးအမြင်အသိများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)