သတင်းများ

တောင်ငူ၌ ပင်စင်လစာငွေများ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေး
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းက စတင်၍ ပင်စင်လစာငွေများအား ပင်စင် အမျိုးအစားအလိုက် ထုတ်ပေးလျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်း အဆင့် Grade -5 (TOT) ဗဟိုအဆင့် နည်းပြသင်တန်းကို Online မှပို့ချ
Apr 21,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်း အဆင့် Grade -5(TOT) ဗဟိုအဆင့်နည်းပြ သင်တန်းကို Online မှ Zoom ဖြင့် ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးရုံးတို့တွင် နံနက် (၉) နာရီမှ ညနေ(၄) နာရီအထိ သင်ကြားပို့ချ လျက်ရှိသည်။
ပွင့်ဖြူမြို့နယ်တွင် သင်ရိုးသစ် Grade–5 (TOT) ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်လှစ်ပို့ချ
Apr 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် သင်ရိုးသစ် Grade-5 (TOT) ဗဟိုအဆင့်နည်းပြ သင်တန်းကို Online စနစ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့‌ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ယခုနှစ်နွေစပါးလျာထားဧက ၂၉၅၁၀ အနက်မှ ဧက ၉၂၀၀ ကျော် စိုက်ပျိုးပြီးစီး
Apr 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ်နွေစပါးကို တစ်မြို့နယ်လုံးအနေဖြင့် လျာထား ဧက ၂၉၅၁၀ အနက်မှ ဧက ၉၂၀၀ ကျော်စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ဂီတာတီးသင်တန်းဆင်းပွဲ ကျင်းပ
Apr 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ မေတ္တာမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်လူရွယ်များအ​​နေဖြင့် တေးဂီတပိုင်းနှင့်ပတ်သက်၍ ရှု‌မျှော်ခံစား
နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား သတ္တမအသုတ်  ပထမ အကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 21,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ် မိခင်ကလေး ကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှု အထောက်အကူပြုအသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
ကြာအင်းဆိပ်ကြီးမြို့နယ်၌ အခြေခံပညာသင်ရိုးသစ် G-5 ဗဟိုအဆင့် (TOT) Online သင်တန်းဖွင့်လှစ်
Apr 21,2022
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ အခြေခံပညာမူလတန်းအဆင့်သင်ကြားသည့် ဆရာ၊ဆရာမများအား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ၌ နည်းပြများအဖြင့် ပြန်လည်သင်ကြားပို့ချနိုင်ရေးအတွက် အခြေခံပညာသင်ရိုးသစ် G-5 ဗဟိုအဆင့် (TOT) Online သင်တန်းကို ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်၍ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အေရိုးဗစ် သင်တန်းဆင်းပွဲ ကျင်းပ
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအေရိုးဗစ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။