ဗဟိုအဆင့် (Grade-5) သင်ရိုးသစ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနမှ Online Training အဖြစ် ဘာသာရပ် (၇) မျိုးအား သင်ကြား ပို့ချ

အုတ်ဖို ဧပြီ ၂၁

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် ဗဟိုအဆင့် (Grade-5) သင်ရိုးသစ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online Training အဖြစ်  ဘာသာရပ် (၇) မျိုးအားသင်ကြား ပို့ချပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်း နည်းပြ (မူအုပ်) ဆရာ၊ ဆရာမ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား  ၂၀.၄.၂ဝ၂၂ရက်နေ့မှ ၂၅.၄.၂ဝ၂၂ရက်နေ့အထိ ၆ ရက်ကြာထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခဲ့သော သင်တန်းနည်းပြ (၅၀) ဦးတို့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၇၇၇) ဦးတို့အား ၁၀.၅.၂ဝ၂၂ ရက်မှ  ၁၃.၅.၂ဝ၂၂ ရက်နေ့ထိ Grade-5 Face to Face သင်တန်းအဖြစ် အ.ထ.က အုတ်ဖိုတွင် ဆက်လက်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ