ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှု မရှိစေရေး အစိုးရရုံးဌာနများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်

ဗဟန်း ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်၊ မီးလန့်မှုမရှိစေရေးအတွက် အစိုးရဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ညနေ ၅ နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက  လိုက်လံစစ်ဆေး ဆောင်ရွက် လျက် ရှိသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် အစိုးရဌာနများရှိ မီးသတ်ဆေးဘူးများ၏အရည်အသွေး၊ မီးဘေးအန္တရာယ် ကျရောက်လာပါက မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးလောင်၊ မီးလန့်မှုမဖြစ်စေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်း များအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စန္ဒာဌေး(ပြန်/ဆက်)