သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ဖြူးမြို့နယ်တွင် ပြုလုပ်

ဖြူး ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူး မြို့နယ်တွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ ပြုလုပ်သော သင်ရိုးသစ် Grade-5  ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖြူးမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပို့ချပေးကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်က သင်တန်းပို့ချပေးရခြင်း၏ ရည်ရွယ်ချက်၊ ပို့ချမည့်နည်းပြများအား မိတ်ဆက် အသိပေးပြီး ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ နည်းပြများက Grade-5 သင်ရိုးသစ် သင်ခန်းစာများကို Online ဖြင့် သင်တန်းခေါင်းစဉ်အလိုက် သင်ကြားပို့ချ ပေးကြောင်း သိရသည်။

အဆိုပါ သင်ရိုးသစ် Grade-5  ဗဟိုအဆင့်နည်းပြ  Online သင်တန်းကို (၅) ရက်တိုင် နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ပို့ချ သွားမည်ဖြစ်ရာ မူလတန်းအဆင့် ဆရာ/ ဆရာမ (၅၂) ဦး တက်ရောက်ပြီး မေလတွင် ဆင့်ပွားသင်တန်းအနေဖြင့်  Grade -5 မူလတန်းဆင့် ဆရာ/ဆရာမ များ့အား ပြန်လည်ပို့ချ ပေးသွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။ 

နေမျိုးလွင်(ပြန်/ဆက်)