ဟိုင်းကြီးကျွန်း ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ရင်ပြင်တော် တိုးချဲ့ပြုပြင်ရေးနှင့် ဘက်စုံပြုပြင် တည်ဆောက်နိုင်ရေး အတွက် စေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတာ်ဘုရားများနှင့် ဒေသခံဆရာတော် ဘုရားကြီးတို့ထံမှ သြဝါဒခံယူ၍ ဧရာဝတီတိုင်းဒေသကြီး လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံရပ်မိရပ်ဖများ ပါဝင်သော အစည်းအဝေးတစ်ရပ်ကို ယနေ့ နံနက် ၉နာရီအချိန်တွင် ပမ္မဝတီရေတပ်ခန်းဌာနချုပ်၊ ပမ္မဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အစည်းအဝေးစတင်ချိန်တွင် သာသနာရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်မှ အစည်းအဝေးအစီအစဉ်များနှင့် သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးမှ မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ပြုပြင်ရေးနှင့် ဘက်စုံပြုပြင် တည်ဆောက်နိုင်ရေး အတွက် စတင်ဆွေးနွေးခဲ့သည်။ ထို့နောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းမှ ရင်ပြင်တော်ကြီး ချဲ့ထွင်ပြုပြင်ရေးနှင့် ပတ်သက်သော အကြောင်းအရာများနှင့် မုဒ်ဦးများ စနစ်တကျ ပြန်လည်ထားရှိစေရေး တင်ပြဆွေးနွေးခဲ့ပြီး မိမိတို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်အနေဖြင့် ငွေအား၊ လူအားဖြင့် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြလျှောက်ထားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးအဖွဲ့၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးမှ လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဆပ်ကော်မတီများ ဖွဲ့စည်းမည့်အခြေအနေများကို ရှင်းလင်း လျှောက်ထားခဲ့ပြီး ဆရာတော်ကြီး တစ်ပါးခြင်းစီမှ သြဝါဒခံယူခဲ့ကြသည်။
ပြီးနောက် မူလအလှူရှင်များ၏ သဘောဆန္ဒကို မေးမြန်းခဲ့ပြီး အစည်းအဝေး တက်ရောက် သူများမှ အထွေထွေ တင်ပြစရာရှိသည်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြတ်မော်တင်ကျောင်းတိုက်ဆရာတော် နိဂုံးချုပ်သြဝါဒ ကထာမြွက်ကြားခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို နေ့လယ် ၁၁နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)