ကျောက်ကြီး ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းအား မြို့နယ်ပညာရေးမှူး၏ စီမံမှုဖြင့် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းမှာ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ပြီး၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ မူလတန်းကျောင်းအုပ် (၄၀) ဦး၊ သင်တန်းမှူး (၁) ဦး၊ သင်တန်းကြီးကြပ် (၃) ဦး၊ မြို့နယ်ပညာရေးရုံးအဖွဲ့ဝင် (၅) ဦးတို့ဖြင့် ဧပြီ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၆) ရက်တာ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ပြီး၊ အဆိုပါ သင်တန်းပြီးမြောက်သွားသည့် ဆရာ၊ ဆရာမများက မြို့နယ်အဆင့် Grade-5 ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်ပြန်/ဆက်