ပေါက်ခေါင်း ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအေရိုးဗစ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်က သင်တန်းနည်းပြဆရာမ ဒေါ်သဲငြိမ်းအေး အားအမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ပြီး သင်တန်းသူလေးများက သင်တန်းမှ သင်ကြားပေးသည့် ကကွက်များဖြင့် အေရိုးဗစ်(FitnessDance)ကပြခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ(၁၂)ဦး တက်ရောက်ပြီး သင်တန်းကာလအတွင်း အခြေခံအေရိုးဗစ်ကကွက်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)