ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ဂီတာတီးသင်တန်းဆင်းပွဲ ကျင်းပ

မေတ္တာ ဧပြီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ မေတ္တာမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်လူရွယ်များအ​​နေဖြင့် တေးဂီတပိုင်းနှင့်ပတ်သက်၍ ရှု‌မျှော်ခံစားတတ်စေရန်၊ တူရိယာများကို ကိုယ်တိုင်ဖန်တီး တတ်မြောက်၍ ဘက်စုံဖွံ့ဖြိုး သော အနုပညာဘက်၌ ကျွမ်းကျင်တတ်မြောက်စေရန်၊ ကမ္ဘာ့အလယ်၌ ဝင့်ထယ်သောတေးသံရှင် လူငယ်များ ပေါ်ထွန်းလာစေရန်၊ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်တဲ့အနာဂတ်လူငယ်လေးများ ဖြစ်လာကြစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆိတ်ကူးအသင်းတော်မှ လူငယ်များနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့သော နွေရာသီဂီတာတီး သင်တန်းဆင်းပွဲကို ယမန် နေ့ညနေ (၃)နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲ၌ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(ရုပ်သံကျွမ်းကျင်-၃) ဒေါ်အေးအေးချိုက ဤသင်တန်း​ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြပါသော ဆိတ်ကူး အသင်းတော်မှ သင်တန်းနည်းပြဆရာနှင့်သင်တန်းသား/သင်တန်းသူ(၁၅)ဦးအား ကျေးဇူးတင်စကားပြောကြားပြီး ဆက်လက်၍ သင်တန်းနည်းပြဆရာအား ဂုဏ်ပြုသောအနေဖြင့် အမှတ် တရလက်ဆောင်ပစ္စည်းများချီးမြှင့်ပေးပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကာ သင်တန်းသား/သင်တန်းသူများက ယုံကြည်ရာသီချင်းဖြင့် သီဆိုဖျော်ဖြေကာ သင်တန်းဆင်းပွဲကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အေးအေးချို (မေတ္တာ)