လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၂၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်း အဆင့် Grade -5(TOT) ဗဟိုအဆင့်နည်းပြသင်တန်းကို Online မှ Zoom ဖြင့် ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးရုံးတို့တွင် နံနက် (၉) နာရီမှ ညနေ(၄) နာရီအထိသင်ကြား ပို့ချလျက်ရှိသည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့် Geade-5 သင်ကြားသော ဆရာ၊ ဆရာမများကို ပို့ချသည့်သင်တန်း ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာဘာသာ ရပ်တို့ကိုပို့ချပြီး သက်တန်း ကာလမှာ (၂၀-၄-၂၀၂၂ )ရက်နေ့ မှ ( ၂၅-၄-၂၀၂၂ ) ရက်နေ့ အထိဖြစ်ပြီး ဆရာ၊ ဆရာမ (၄၀) ဦး တို့ သင်တန်းတက်ရောက်သည်။
ဗဟိုအဆင့် နည်းပြသင်တန်း(TOT) Grade - 5 ကို တက်ရောက်ပြီးပါက ဆင့်ပွားသင်တန်း ကိုလည်းပြန်လည် ပို့ချသွားမည်ဖြစ်၍ နောက်ထပ် Grade-8 နှင့် Grade- 11 နည်းပြသင်တန်း များကိုလည်း ဆက်လက်ပို့ချသွားမည်ဖြစ်သည် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် စနစ်သစ် ပညာရေးစတင် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)