နွားထိုးကြီး ဧပြီ ၂၁
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ် မိခင်ကလေး ကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှု အထောက်အကူပြုအသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Covishleld အမျိုးအစားဖြစ်ပြီး အသက် (၁၈) နှစ်အထက် ပြည်သူများကို ဆေးတစ်လုံးလျှင် လူ(၁၁)ဦး (11 Dose) ထိုးနှံလျက်ရှိပြီး အသက် (၁၈) နှစ်အထက် ပြည်သူ (၁၅၀၄၁၁) ဦး လျာထားပြီး ယနေ့တွင် (၂၅၃၈) ဦး ထိုးနှံသဖြင့် စုစုပေါင်း (၁၂၁၈၃၄) ဦး ဆေးထိုးပြီးရာ၊ ကျန်ရှိသူ (၂၀၆၅၆) ဦးဖြစ်၍ ၈၁.၀၀ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင် နှင့် လူမှုရေးအသင်းအဖွဲ့ များပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်းသတ် မှတ်ဦးစားပေးအုပ်စု အလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်