တောင်ငူ၌ ပင်စင်လစာငွေများ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေး

တောင်ငူ ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းက စတင်၍ ပင်စင်လစာငွေများအား ပင်စင် အမျိုးအစားအလိုက် ထုတ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင် လာရောက်ထုတ်ယူသည့် ပင်စင်စားများအတွက် အချိန်တိုအတွင်း ထုတ်ယူနိုင်ရန်အတွက် ဘဏ်ရှိ တာဝန်ခံများနှင့် ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူရန် အခက်အခဲ ရှိသူများအတွက် ကိုယ်စားလှယ်များမှတစ်ဆင့် အွန်လိုင်းဖြင့် ချိတ်ဆက်ဆောင်ရွက်​စေကာ ပင်စင်ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

တောင်ငူ၌ ပင်စင်လစာငွေများ ထုတ်ယူနိုင်ရေးကို လစဉ် ၂၁ ရက်နေ့မှစ၍ လကုန်အထိ ဘဏ်လုပ်ငန်းချိန်များအတိုင်း ထုတ်ယူနိုင်ပြီး လာရောက် ထုတ်ယူသူများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

ဇော်ထက်(တောင်ငူ)