သတင်းများ

သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့မဈေးအတွင်းရှိစတိုးဆိုင်နှင့်ကုန်မျိုးစုံ အရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေး
Apr 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့တို့သည် ယနေ့ နံနက် ၁၀နာရီ က  မြို့မဈေးအတွင်းရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော Paris ဆပ်ပြာခဲများနှင့် အခြားအမှတ်တံဆိပ် ဆပ်ပြာခဲများတွင် ရိုက်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့၌  Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေး
Apr 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် နယ်လှည့် စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး စာအုပ်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ဒေါပုံမြို့နယ် Community Centre တွင် အင်္ဂလိပ်စာစွမ်းရည်နှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပ
Apr 22,2022
ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား‌၊ ကျောင်းသူများအား နွေရာသီကျောင်း ပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက် မြက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်နှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Apr 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
မချမ်းဘောမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ထိုးနှံပေး
Apr 22,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ချမ်းဘောမြို့၌ အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်-၁၉ ကာကွယ်‌ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မချမ်းဘောမြို့မိခင်နှင့် ကလေးကျန်းမာရေးဆေးပေးခန်း၌ ယမန်နေ့ နံနက် ၉ နာရီမှ စ၍ အရှိန်အဟုန်မြှင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့)  ကွန်ပျူတာသင်တန်း  ဖွင့်လှစ်
Apr 22,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာ သင်တန်း ခန်းမ၌  ကျင်းပခဲ့သည်။
သိန္နီမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ကျေးရွာများအရောက် သွားရောက်ထိုးနှံ
Apr 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကောင်း ဝိန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာတိပိဋက ကမ္ဘောဇကျောင်းရှိ  သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Apr 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာတိပိဋက ကမ္ဘောဇကျောင်းရှိ အသက် ၁၅နှစ် အထက် သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို ယမန်နေ့က အဆိုပါကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။