ငါန်းဇွန်မြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများထံသို့ ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်
May 05,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကုန်းလည်ကျေးရွာအုပ်စုတွင် ဧပြီ ၃၀ရက်နေ့ က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြိုကျနေအိမ်(၇)လုံး၊ အမိုးလန်နေအိမ်(၁၄) လုံးတို့အတွက် လူအသုံးအဆောင်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်နှင့် ဆန်ရိက္ခာဖိုးငွေများ ကို ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အဆိုပါ အိမ်ထောင်စုများထံသို့ ထောက်ပံ့ပေးနိုင်ရန် ကုန်းလည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။