ရွှေကျင်မြို့နယ်မဒေါက်ကလေးကျေးရွာတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲ ကျင်းပ

ရွှေကျင် မေ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံ​လျှော်)မျိုး​​စေ့ ပေးအပ်ပွဲကို ယနေ့ နံနက်( ၉:၀၀) နာရီက အနောက်ဘက်‌ကျေးရွာအုပ်စု မဒေါက်ကလေး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်မြင့်ထွေးက မျိုးစေ့ပေးအပ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးသည်။

ဆက်လက်ပြီး မဒေါက်ကလေးကျေးရွာအတွင်းရှိ တောင်သူများ၏ လယ်မြေများတွင် မြေဆီဩဇာထက်သန်ပြီး သီးနှံအထွက်တိုး စေရန်အတွက် တောင်သူ(၃၈)ဦး၏ လယ်မြေဧက (၁၀၀)ဧကအတွက် သစ်စိမ်းမြေဩဇာ( ပိုက်ဆံလျှော်)မျိုးစေ့များကို မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးဦး‌အောင်မြင့်‌ထွေးနှင့် ဝန်ထမ်းများက တောင်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်