သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံပါ စာရေးဆရာ (၅) ဦးရေးသားသည့် “ လူငယ်နှင့်ဘ၀အောင်မြင်ရေး ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်

သုံးခွ မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး စာပေလေ့လာဖတ်ရူ့သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အချင်းချင်းစာပေနှီးနှော ဖလှယ်တက်စေရန် ရည်ရွယ်၍  ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က  စာရေးဆရာ  နန္ဒာသိန်းဇံပါ စာရေးဆရာ (၅) ဦးအောင်သင်းရေးသားသည့် “ လူငယ်များသို့မင်္ဂလာပါ ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်‌ထွေးမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး (Women club) အဖွဲ့၀င် ဒေါ်ညိမ်းညိမ်း‌ထွေးမှ “လူငယ်နှင့်ဘ၀အောင်မြင်ရေး” စာအုပ်သည်ဗဟုသုတများစွာ ရရှိစေနိုင်သည့်အပြင် လိုက်နာကျင့်သုံးပါက အောင်မြင်မှု ရရှိနိုင်မှာ ဖြစ်သည့်အတွက် ဖတ်ရှုသင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်း၊ အောင်မြင်တဲ့ ဘ၀ပိုင်ဆိုင် ချင်သလားဆိုရင် အားလုံးပိုင်ဆိုင်ချင်မှာ ဖြစ်ကြောင်း၊ (Youth Club) အဖွဲ့၀င် မောင်ပြည့်ဖြိုးက ‌“ ခေါင်းဆောင် ဖြစ်ချင်သလား ” ခေါင်းစဉ်အား ဆွေးနွေးရာတွင် ခေါင်းဆောင်အဖြစ်ရွေးချယ်တင် မြှောက်တဲ့အခါပဲဖြစ်ဖြစ် ကိုယ်တိုင် ခေါင်းဆောင်ပြီး လုပ်တဲ့အခါပဲဖြစ်ဖြစ် ခေါင်းဆောင်တဲ့သူသည် အများရဲ့ယုံကြည်ထိုက်သူ၊ ရိုးသားသူ၊ အားကိုးထိုက်သူ တစ်ယောက်ဖြစ်ရမှာ ဖြစ်ကြာင်း၊ မမိုးပွင့်ဇွန်မှ “ စိတ်ကောင်းထားပါ ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်ကောင်း၊ နှုတ်ကောင်း၊ အလုပ်ကောင်းလျှင် အများချစ်၍ ချမ်းသာသည်ဟူသော စကားအတိုင်း စိတ်ကောင်းထားဖို့ အရေးကြီးပါကြောင်း၊ စိတ်ပုပ်၊ နှုတ်ပုပ် အလုပ်ပုပ်လျှင် အများမုန်း၍ ဆင်းရဲတတ်ကြောင်းစသည့် စာအုပ်ပါအကြောင်း အရာများကို ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။

စည်သူလင်း ပြန်/ဆက်