ဝိုင်းမော် မေ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မေလ ၆ ရက်နေ့ နံနက် (၁၀) နာရီက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သက်မွန်က ကျောင်းသား၊ ကျောင်းသူလေးများအား နွေရာသီကျောင်းပိတ်ရက်တွင် ပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီး မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၆) ဦး ပါဝင်ယှဉ်ပြိုင်ရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များပေးအပ်ခဲ့သည်။
ဝိုင်းမော်(ပြန်/ဆက်)