မိုင်းခုတ် မေ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခုတ်မြို့၌ (နဝမ)အကြိမ်မြောက် အသံမစဲမဟာပဌာန်းပိတ်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက ဝမ်ကောင်းဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့မှ ဩကာသကန်တော့ချိုးဖြင့်ရှိခိုးကန်တော့ကြပြီး မိုင်းဆတ်မြို့၊ မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဓာတ်စွမ်းဟုန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကဝိဓဇမှ အနုမောဒနာတရားတော်ရွတ်ဖတ်ချီးမြှင့်တော်မူပြီး အလှူရှင်များက လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းကာ မိုင်းခုတ်မြို့မကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒာဝရထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။
မိုင်းခုတ်(ပြန်/ဆက်)