တိုက်ကြီး မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေး နှစ် လုပ်ငန်းစီမံကိန်းနှင့်ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် တိုက်ကြီးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်တို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့နှင့်အညီ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်ကြီး (၁၄)ရပ် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြည်ထောင်စုဘတ်ဂျတ်နှင့် တိုင်းဒေသကြီးဘတ်ဂျတ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ဌာနဆိုင်ရာများအလိုက်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရမည့်အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းမော်က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စီမံကိန်းတာဝန်များကို သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများထံသို့ ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥက္ကံမြို့အုပ်ချုပ်ရေးမှူးနှင့် အဖျောက်မြို့အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)