ကာမိုင်းမြို့၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲများကျင်းပ

ကာမိုင်း မေ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်တိုးတက်စေရန်အတွက် စာကြည့်တိုက်အသင်း၀င်များအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပခဲ့သည်။

အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လူငယ် (၁၀)ဦးထဲမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ (၃)ဦးအား ပြန်/ဆက်ဦးစီးမှူး တာ၀န်ခံ ဒေါ်ရွှေဇင်ဦးက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)