ငါန်းဇွန်မြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများထံသို့ ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်

ငါန်းဇွန်  မေ ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကုန်းလည်ကျေးရွာအုပ်စုတွင် ဧပြီ ၃၀ရက်နေ့ က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြိုကျနေအိမ်(၇)လုံး၊ အမိုးလန်နေအိမ်(၁၄) လုံးတို့အတွက် လူအသုံးအဆောင်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်နှင့် ဆန်ရိက္ခာဖိုးငွေများ ကို ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အဆိုပါ အိမ်ထောင်စုများထံသို့ ထောက်ပံ့ပေးနိုင်ရန် ကုန်းလည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ပြိုကျ လူနေအိမ် (၇)လုံးတို့အတွက် လူအသုံးအဆောင်ပစ္စည်း (၁၈)မျိုးပါ ပလပ်စတစ်ပုံး(၇)ပုံးနှင့် အိမ်ဆောက်ပစ္စည်းကုန်ကျ စရိတ်နှင့် ဆန်ရိက္ခာဖိုးငွေများ၊ အမိုးလန်နေအိမ်(၁၄)လုံးအတွက် ဆန်ရိက္ခာ တန်ဖိုးငွေများ၊ စုစုပေါင်းငွေကျပ် (၂၁၈၀၅၀၀ဝိ/-)အား အဆိုပါ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု များထံသို့ ထောက်ပံ့ပေးနိုင်ရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌‌စောခန္တီရှိန်းက ကုန်းလည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)