ရွှေကျင် မေ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ရွှေကျင်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာ ရေးမှူး ဦးညွန့်ဝေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက္များအား တက်ရောက်လာသော ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပဲခူး အ-ထ-က(၁)တွင် စီမံ၊ ဘဏ္ဍာ၊ပညာ၊ကြီးဖြတ် ပညာရပ်များအား သင်တန်းတက်ရောက်ခဲ့သော ကျောင်းအုပ်ဆရာ/ဆရာမ (၄)ဦးတို့က ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမ (၉၈)ဦးတို့အား (၅-၅-၂၀၂၂) ရက်နေ့မှ (၆-၅-၂၀၂၂)ရက်နေ့အထိ ၂ ရက်ကြာ သင်တန်းနည်းပြအဖြစ် ဆင့်ပွားပြန်လည်ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်