ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဖွင့်လှစ်

ရွှေတောင် မေ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပန်းရံသင်တန်း ( ၃ / ၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးမျိုးသူနှင့်​မြို့နယ် ယက္ကန်းသင်တန်း ကျောင်းမှ နည်းပညာအရာရှိ ဦးအောင်ဆန်းတို့က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား (၂၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅. ၅.၂၀၂၂) မှ ( ၂၄.၅.၂၀၂၂) ရက် နေ့ထိ  (၂၀)ရက်တာ စာတွေ့လက်တွေ့သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း