ဘောဂလိမြို့တွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ   ထိုးနှံပေး

ဘောဂလိ     မေ    ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါကို ပိုမိုထိရောက်စွာ  ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်  ကူးစက်ပြန့်နှံ့မှု လျော့နည်း  ကျဆင်းစေရန်  ရည်ရွယ်၍   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို   အရှိန်အဟုန်မပျက်   ထိုးနှံပေးလျက်ရှိကြောင်း   သိရသည်။

ယခုအခါ  ဘောဂလိမြို့တွင် ဒုတိယအသုတ်၊ ဒုတိယအကြိမ် ထိုးနှံမှုအဖြစ် ယခင်မေလ(၅) ရက်နေ့တွင်  အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံပြီးသော  ပြည်သူများအား   Covid Shield  ကာကွယ်ဆေးကို   ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

အဆိုပါ  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို    ဘောဂလိမြို့အုပ်ချုပ်ရေးမှူး ဦးစောဘိုဘိုကျော်နှင့်  သက်ဆိုင်ရာတာဝန်ရှိသူများက  အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးခဲ့ ကြောင်း  သိရသည်။ 

ကြည်ကြည်ခိုင်  (ဘောဂလိ)