သတင်းများ

ညောင်တုန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး (ပြည်နယ်ရဲတပ်ဖွဲ့မှူး)နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲပြုလုပ်
May 05,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ပြည်နယ်ရဲတပ်ဖွဲ့မှူး)သည် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံပွဲ အခမ်း အနားပြုလုပ်သည်။
မံစီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းကျေးရွာများရွေးချယ်
May 05,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ရာ ကျေးရွာ(၅)ရွာကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်း မြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲ ကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲကို ယနေ့ နံနက်ပိုင်းက ကြို့ပင်စခန်း ကျေးရွာအုပ်စု စက်မှုလယ်ယာစနစ်တကျ ဖော်ထုတ် ထားသည့် (၁၂၃) ဧက ကွင်းတွင် ကျင်းပခဲ့သည်။
ပင်းတယမြို့နယ်၊ ပင်စိမ်းပင်ကျေးရွာ၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဖွင့်လှစ်
May 05,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဖွင့်ပွဲအား ယနေ့နံနက် (၁၀) နာရီ အချိန်က နန်းကုန်းကျေးရွာအုပ်စု၊ ပင်စိမ်းပင်ကျေးရွာ၊ စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်အတွင်း၊ ကဆုန်လပြည့်နေ့တွင် သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 05,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ အခါသမယတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဘွယ်ဝတ္ထုများနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စဉ့်ကူးမြို့ အမှတ် (၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌  စာဖြေ သံဃာများ/သီလရှင်များအား ဘုရင့်နောင်ရပ်ကွက် စေတနာရှင် ပြည်သူများက ဆွမ်းဆက်ကပ်လှူဒါန်း
May 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပပေးလျက်ရှိရာ စာမေးပွဲတွင် ပါဝင်သည့်ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ပြီး ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍  ယနေ့ရက် နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်း၊ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
ပင်လောင်းမြို့ ဈေးတန်းရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို  ယနေ့ နံနက်ပိုင်းက ဈေးတန်းရပ်ကွက်တွင်   ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။