အင်တောမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
May 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ဧပြီလ၁၁ ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးသွားသော ပြည်သူများအား ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂နာရီက တာဝန်ရှိသူများ ကွင်းဆင်း၍ထောက်ပံ့ပေးအပ်ခဲ့သည်။