ကျောက်ဆည် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂) ကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအိုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ဇော်က ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်ခြင်းဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တိုးပွားလာကာ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့လာပါက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သော ရှေးဦးပြုစုခြင်း ပညာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူပြီး ရှေးဦးပြုစုခြင်းပညာရပ်များဖြင့် မိမိအကျိုး၊ မိသားစု အကျိုးနှင့် ပတ်ဝန်ကျင်အကျိုးများကို ကူညီဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြေားကြားခဲ့ သည်။
ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးဦးပြည်စိုးက မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသည် အရေးပေါ်အခြေအနေ ပဋိပက္ခများအတွင်း ထိခိုက်မှုများ၊ မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၏ အသင်းဝင်၊ တပ်ဖွဲ့ဝင်၊ စေတနာလုပ်အားရှင်များအနေဖြင့် ထိရောက်စွာကူညီနိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်းနှင့် မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအနေဖြင့်လည်း မြို့နယ်အတွင်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် ထိခိုက်ဒဏ်ရာ ရရှိသော လူနာများအား ရှေးဦးပြုစုခြင်း လုပ်ငန်းများဖြင့် ကူညီဆောင်ရွက်ရာတွင်ထိရောက်စွာ ပြုစုနိုင်ရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝသော စေတနာလုပ်အားရှင်၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲမှူးဦးပြည်စိုးက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးရိုစီးခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ခွဲမှူးဦးလှိုင်မင်းထက်က အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ် သွေးလန့်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွှဲခြင်း၊ ကြွက်သားနှင့် အရိုးဆက်အကြောဒဏ်ရာများအကြောင်းနှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်စုမှူး ဦးပြည့်ဖြိုးအောင်က လူနာကိုင်တွယ်ခြင်း၊ သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ်အထောက် အကူပြုနည်းစသည့် ဘာသာ ရပ်များကို မေလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင် သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာ (၁၁) ရွာမှ သင်တန်းသားသင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။
သက်မောင်