သတင်းများ

မြို့သစ်မြို့နယ်မှ နွေစပါးစိုက်တောင်သူများ စပါးရိတ်သိမ်းချိန် မိုးများမည်ကို စိုးရိမ်
May 09,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများသည် မြေအောက်ရေ၊ ဆည်ရေများဖြင့် သီးနှံများကို နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြရာ နွေသီးနှံ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော်လည်း စပါးရိတ်သိမ်းချိန် မိုးများမှာကို စိုးရိမ်နေကြကြောင်း စပါးစိုက်တောင်သူ တစ်ချို့ထံက သိရသည်။
လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ  ဆွတ်ခူးရောင်းချိန်တွင် ဈေးကောင်းရရှိ
May 09,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ စတင်ဆွတ်ခူးရောင်းချချိန် နွေပဲတီစိမ်းတစ်တင်းလျှင် ၄၂၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့်နွေပဲတီစိမ်း စိုက်တောင်သူများမနှစ်က ထက်ဈေးနှုန်းပိုရနေကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဒုတိယနေအဖြစ် (၃၁၉)ပါး ဆက်လက်ဖြေဆို
May 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဒုတိယနေ့အဖြစ် အမှတ်၁၃ရပ်ကွက်ကြေးတိုင်စု ၂လမ်းရှိ မာဂဓိသာစည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် ဆက်လက်ကျင်းပလျက် ရှိသည်။
လိပ်သိုမြို့တွင် မသန်စွမ်းသူများနှင့်သက်ဆိုင်သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
May 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေး မသန်စွမ်းသူများနှင့် သက်ဆိုင်သော ကိုဗစ် ၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို  ယနေ့နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ရုံးပြည်သူ့စာကြည့်တိုက်တွင် ပြသခဲ့ကြောင်း  သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲဆက်လက် ဖြေဆို
May 09,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပရိယတ္တိသာသနာပြန့်ပွား ထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက မယ်လမုဆုတောင်းပြည့် စေတီတော်ရှိမယ်လမု သာသနာ့ဗိမာန်တော်ကြီး တွင် ကျင်းပပြုလုပ် လျက်ရှိကြောင်းသိရသည်။
မင်းဘူးမြို့တွင် ကြက်သွန်နီဈေး အတက်ဘက်သို့ဦးတည်လာပြီး လှိုင်လှိုင်ရောင်းချနေရ
May 09,2022
မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေး အတက်ဘက်သို့ ဦးတည်လာပြီး လှိုင်လှိုင် ရောင်းချနေရကြောင်း မင်းဘူးမြို့ ကြက်သွန်နီ ပွဲစားများထံမှ သိရသည်။
ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ် ပါဠိပထမပြန် စာမေးပွဲ ဒုတိယနေ့တွင် သံဃာ(၂၁၅)ပါး၊ သီလရှင်(၂၁)ပါး ဆက်လက်ဖြေဆို
May 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်‌ (မြောက်ပိုင်း)မြို့နယ် (၄၂)ရပ်ကွက်ရှိ မဟာဂန္ဓာရုံ‌ ကျောင်းတိုက်၌ ယမန်နေ့ က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပရိယတ္တိသာသနာထွန်းကားပျံ့ပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို သံဃာ(၂၁၅) ပါး၊ သီလရှင် (၂၁)ပါး စုစုပေါင်း (၂၃၆) ဆက်လက် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲ ကျင်းပ
May 09,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာ၌ စနစ်တကျ လုပ်ကိုင်တတ်စေရန်နှင့် တိရစ္ဆာန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။