မြောက်ဥက္ကလာပ မေ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပရိယတ္တိသာသနာပြန့်ပွား ထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက မယ်လမုဆုတောင်းပြည့် စေတီတော်ရှိမယ်လမု သာသနာ့ဗိမာန်တော်ကြီး တွင် ကျင်းပပြုလုပ် လျက်ရှိကြောင်းသိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြောက်ဥက္ကလာပ မြို့နယ်တွင် မေလ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၇) ရက် တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုသူ ပထမကြီးတန်း စာဖြေသံဃာ(၃၂)ပါး၊ သီလရှင် (၈) ပါး၊ ပထမလတ် တန်းသံဃာ (၃၁) ပါးသီလရှင် (၇) ပါး၊ ပထမငယ်တန်း သံဃာ (၉၂) ပါး၊ သီလရှင် (၂၅) ပါး နှင့် အခြေပြုမူလတန်း စာဖြေသံဃာ (၁၁၂) ပါး၊ သီလရှင် (၉) ပါး စုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင် (၃၁၆) ပါး ရှိကြောင်း သိရသည်။
ပါဋ္ဌိပထမပြန် စာမေးပွဲဖြေဆိုရာသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည်ညို၍ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်များထံသို့ အလှူတော်ငွေ ကျပ် (၇) သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖြေသံဃာတော်များ အဆင်ပြေချော့မွေ့စွာ ဖြေဆိုနိုင်ရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကပ်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက စာဖြေသံဃာတော်များ၏ ဝေယျဝစ္စများနှင့် လုံခြုံရေး ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကာ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)