ဒဂုံအရှေ့ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဒုတိယနေ့အဖြစ် အမှတ်၁၃ရပ်ကွက်ကြေးတိုင်စု ၂လမ်းရှိ မာဂဓိသာစည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် ဆက်လက်ကျင်းပလျက် ရှိသည်။
အဆိုပါ ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် သံဃာတော်များနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော် များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက် ဖူးမြော် ကြည်ညိုခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-ခုနှစ် မေ(၇)ရက်နေ့မှ မေ(၁၃)ရက်နေ့အထိ ကျင်းပသော အစိုးရပါဠိပထမပြန် စာမေးပွဲ၌ မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ပထမကြီး တန်း(၅၂)ပါး၊ ပထမလတ်တန်း(၃၉)ပါး၊ ပထမငယ်တန်း(၁၂၈)ပါးနှင့် အခြေပြု မူလတန်း (၁၉၀)ပါး စုစုပေါင်း စာဖြေသံဃာတော် အပါး(၄၀၉)ပါးတို့ ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားရာ စာမေးပွဲပထမနေ့ ဝင်ရောက်ဖြေဆိုမှုနှင့် ထပ်တူမေလ၈ရက် ဒုတိယနေ့တွင်လည်း ပထမကြီးတန်း(၃၉)ပါး၊ ပထမလတ်တန်း (၂၈)ပါး၊ ပထမငယ်တန်း(၁၀၃)ပါးနှင့် အခြေပြုမူလတန်း(၁၄၉)ပါး စုစုပေါင်း စာဖြေသံဃာတော် (၃၁၉)ပါး ရာခိုင်နှုန်းအားဖြင့် ၇၇ •၉% မှာအေးချမ်းစွာဖြင့် ဆက်လက်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝင်းအိမွန်