ရေးမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ဖြေဆို
May 05,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို တူးမြောင်းကျေးရွာအုပ်စု၊ ပုပ္ဖဝတီကျေးရွာ ကျိုက်ဒေ့တမော့ဗရတ်သာသနာပြု နယ်မြေ (ကိုရင်း ဆရာတော်ကျောင်း) လျောင်းတော်မူဘုရား၌ ဧပြီလ ၃၀ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိ ရာ ပဉ္စမမြောက်နေ့အဖြစ် မေလ ၅ ရက်နေ့တွင် ဓမ္မာစရိယ စာဖြေသံဃာများ စာမေးပွဲများကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။