လိပ်သို မေ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေး မသန်စွမ်းသူများနှင့် သက်ဆိုင်သော ကိုဗစ် ၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးပြည်သူ့စာကြည့်တိုက်တွင် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မသန်စွမ်းသူများအား မသန်စွမ်းမှုကို အကြောင်းပြု၍ ချန်လှပ်ထားခြင်း မရှိစေရန် သတိပြုပေးပါ၊မသန်စွမ်းသူများနှင့် သက်ဆိုင်သော ကိုဗစ်-၁၉ ရောဂါ မသန်စွမ်းသူများ ကိုဗစ်-၁၉ရောဂါကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ၊ ဗီဇမျိုးကွဲ ဆိုတာဘာလဲ၊ အိုမီခရွန်မှ မည်သို့ကာကွယ်နိုင်မည်နည်း၊ အိုမီခရွန်၏ ထူးခြားသောအချက်များ၊ အစရှိသည့် အသိပညာပေး အကြောင်းအရာများကို ပြသထားရှိပါသည်။ လိပ်သိုမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် တစ်ပတ်လျှင်တစ်ကြိမ် နံရံကပ်စာစောင်များကို အသစ်လှဲလှယ်ပေးလျက်ရှိကြောင်းနှင့် ဒေသနေပြည်သူများ လာရောက်လေ့လာ ဖတ်ရှုမှတ်သားနိုင်ကြောင်း သိရသည်။
လိပ်သို (ပြန်ဆက်)