သတင်းများ

သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ နှိုးဆော်ဆောင်ရွက်
May 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးချက်များကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်များသို့သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ပစ္စည်း(၅)မျိုး ထောက်ပံ့လှူဒါန်း
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသုံးအဆောင်ပစ္စည်းများနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က အဆိုပါကျေးရွာ စာသင်ကျောင်းခန်းမ၌ ထောက်ပံ့လှူဒါန်း ကြသည်။
ဖား​ဆောင်းမြို့နယ် နန်းဟူးကုန်း​ကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်
May 05,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​စေတနာ့ဝန်ထမ်းများက ယ​နေ့နံနက်(၁၁)နာရီအချိန်က ဖား​ဆောင်းမြို့ နန်းဟူးကုန်း​ကျေးရွာ၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
May 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး (အရှေ့)ဒိုက်ဦးမြို့နယ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး(အရှေ့)ဒိုက်ဦးမြို့နယ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်းအောင်ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ် Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုး တိုးတက်စေရေး၊ ဘဝအနာဂါတ်ရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်း နိုင်ကြစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီး (၆) လပြည့် ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး
May 05,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကို ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီး (၆) လပြည့်ပြီး သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေး နှစ်ကြိမ်ပြည့်ထိုးနှံပြီး (၆) လပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ဆက်လက်၍ ဆောင်ရွက်လျက်ရှိသည်။
ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
May 05,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများ ပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်​ပေးလျက်ရှိရာ ယမန်နေ့ညနေ ၂ နာရီအချိန်က ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်‌ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့သည်။