သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (၇၇၁)ဦးတို့ကို ကာကွယ်ဆေးထိုး ထိုးနှံပေးနိုင်ခဲ့
May 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိခင်ကလေးဌာနနှင့် ကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အသက်(၁၈)နှစ်နှင့်အထက်၊ ဒုတိယအကြိမ်ကာကွယ်ဆေး Phase-8/9၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Actra Zeneca) (Covaxin) ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ် ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ (Covaxin) (Sinovac) ထိုးနှံပေးလျက်ရှိသည်။