မြို့သစ်မြို့နယ်မှ နွေစပါးစိုက်တောင်သူများ စပါးရိတ်သိမ်းချိန် မိုးများမည်ကို စိုးရိမ်

မြို့သစ် မေ ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများသည် မြေအောက်ရေ၊ ဆည်ရေများဖြင့် သီးနှံများကို နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြရာ နွေသီးနှံ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော်လည်း စပါးရိတ်သိမ်းချိန် မိုးများမှာကို စိုးရိမ်နေကြကြောင်း စပါးစိုက်တောင်သူ တစ်ချို့ထံက သိရသည်။

“မျိုးစပါးတစ်အိတ်ကို (၂၅၀၀၀)ကျပ်ခန့် ပေးရပါတယ်၊ နွေစပါးအဖြစ် ရတနာတိုးစပါး ရက်(၁၂၀)စပါး၊ ဆင်းသုခစပါး၊ GW11 စပါးမျိုးတွေကို အဓိကထား စိုက်ပျိုးတယ်၊ တစ်ဧက စပါးမျိုးအိတ်တစ်အိတ် စိုက်ပျိုးရင် စပါးတင်း(၁၀၀)ဝန်းကျင်ခန့်အထိ ရရှိနိုင်ပါတယ်၊ စပါးစျေး အနေနဲ့ ပြီးခဲ့တဲ့နှစ်က အစိုထွက်(စက်ထွက်) စပါးတစ်တင်းကို ခြောက်ထောင်/ခွန်နှစ်ထောင် ဝန်းကျင်ခန့်ရပါတယ်၊ ယခုနှစ်တော့ဘယ်စျေး ဖြစ်မလဲမသိသေးပါဘူး၊နွေစပါး ရိတ်သိမ်းချိန် မိုးလွတ်အောင် ဆုတောင်းနေရတာဟု မြို့သစ်မြို့နယ် နွေစပါးစိုက်တောင်သူ တစ်ဦးက ပြောသည် ။

မြို့သစ်မြို့နယ်တွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နွေစပါးပေါ်ချိန်တွင် စျေးကောင်းရှိရန်နှင့် မိုး၊ လေကင်းလွတ်ရန် စပါးစိုက်တောင်သူကြီးများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)