ဒဂုံမြောက် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၂)ရပ်ကွက်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ယမန်နေ့ က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပရိယတ္တိသာသနာထွန်းကားပျံ့ပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို သံဃာ(၂၁၅) ပါး၊ သီလရှင် (၂၁)ပါး စုစုပေါင်း (၂၃၆) ဆက်လက် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒုတိယနေ့ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ပထမကြီးတန်း သံဃာ(၄၇)ပါး၊ သီလရှင်(၂)ပါး၊ ပထမလတ်တန်း သံဃာ(၅၅)ပါး၊ သီလရှင်(၅)ပါး ၊ပထမငယ်တန်း သံဃာ(၆၀)ပါး၊ သီလရှင် (၆)ပါး ၊အခြေပြုမူလတန်း သံဃာ(၅၃)ပါး၊ သီလရှင်(၈)ပါး၊ စုစုပေါင်း (၂၃၆)ဦး ဝင်ရောက် ဖြေဆိုကြပြီး ဖြေဆိုမှုရာခိုင်နှုန်း ၇၉.၁၉ ရခိုင်နှုန်းရှိကြောင်းသိရှိရသည်။ ပါဠိပထမပြန် စာမေးပွဲသို့ ဩဝါဒဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များနှင့် စာမေးပွဲကြီးကြပ်ရေး ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင် ဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းသာသနာရေးမှူး ဦးထွန်းမြင့်ဦး နှင့် အဖွဲ့ဝင်များမှတက်ရောက်ကြည်ညိုခဲ့ကြသည်။
သံဃာနှင့် သီလရှင်ဆရာလေးများစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးနှင့် အဖွဲ့ဝင်များ ၊မြို့နယ်လက်ထောက်လဝကမှူး ၊မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ ၊မြို့မိ/မြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ဝေယျာဝစ္စများနှင့် လုံခြုံရေး၊ ကျန်းမာရေး ကိစ္စရပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း သတင်းရရှိသည်။
မြင့်မြင့်ရီ