သတင်းများ

ကျောက်ဖြူမြို့တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားပြုလုပ်
May 05,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင်၊ မီးသတ်ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြောင်းမြမြို့ ဘုရားငုတ္တိုရှမ်းစုကျေးရွာသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ် (Mobile Library Bus) ဖြင့်  စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် စာပေဝါသနာရှင်အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယနေ့နံနက်က မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာများသို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများလက်ဝယ်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဒေသထွက်ကုန်များဖြင့် ရပ်ရွာ အခြေပြု အိမ်တွင်းမှု သင်တန်းဖွင့်လှစ်ခြင်း သင်တန်းဆင်းပွဲကျင်းပ
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အောင်သုခ ကျေးရွာတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ရပ်ရွာအခြေပြု မုန့်လုပ်နည်းသင်တန်းကို ၃-၅-၂၀၂၂ မှ ၅-၅-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပါသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ် အရန်မီးသတ်ရုံးနှင့် တပ်ဖွဲ့ဝင်များ ကြည့်ရှုအားပေး ထောက်ပံ့
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ယနေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ရပ်ကွက်(၃)၊ ကန္နားလမ်းရှိ အရန်မီးသတ်ရုံးနှင့် တပ်ဖွဲ့ဝင်များအား ကြည့်ရှုစစ်ဆေးအားပေး ထောက်ပံ့ခဲ့ကြသည်။
သိန္နီမြို့နယ်၌ (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို သိန္နီမြို့ ဝဋ်ကြွေးပြေ စေတီတော် အတွင်း၌ ယနေ့နံနက် ၆ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် လူပျိုဆောင်(၂)ထပ်အဆောက်အဦ ဖွင့်လှစ်ပြီး မီးငြှိမ်းသတ်ယာဉ်(၄)စီးလွှဲပြောင်းပေးအပ်
May 05,2022
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့် တာဝန်ထမ်းဆောင်နေကြသော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုသောအားဖြင့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ကျင်းပခဲ့ပြီး လူပျိုဆောင်(၂)ထပ်အဆောက်အဦကိုဖွင့်လှစ်၍ ကရင်ပြည်နယ် အစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော မီးငြှိမ်းသတ်ယာဉ်(၄)စီးကို ခရိုင်မီးသတ်ရုံးများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂ ခုနှစ် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်
May 05,2022
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ (၇၆)နှစ်မြောက်၊ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ငဖဲမြို့နယ်၌ နွေနှမ်း ၁၄၂၀ ဧကနှင့် နွေစပါး ၉၅၅ ဧကစိုက်ပျိုးပြီးစီး
May 05,2022
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မန်းချောင်း ရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်၊ ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ဧက ၈၀၀ လျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၁၄၂၀ ဧကနှင့် နွေစပါးစိုက်ပျိုးရန်ဧက၂၀၀၀ လျာထားခဲ့ရာ ၉၅၅ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။