သတင်းများ

လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
May 11,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်းစမှ အသက် (၁) နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်၌ စာပေချစ်မြတ်နိုးသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
May 11,2022
ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ  Women  Club၊ Youth  Club အသင်းဝင်များ စုပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာတက္ကသိုလ် စိုးမိုးနိုင်ရေးသားသည့် “အောင်မြင်သူတို့၏နှလုံးအိမ်” သုတစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
တာမွေမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း (အခမဲ့)ဖွင့်လှစ်
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများနှင့် ကျောင်းသား/သူလေးများ အနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရှေးဦးသူနာပြုစုနည်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ရှိလူအများ၏ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာမှ ကူညီစောင့်ရှောက်ပေးနိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။
ပိုင်ကျုံမြို့ တာကရားကျေးရွာ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး
May 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့် ပွားမှုကိုလျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ တာကရားကျေးရွာအုပ်စု၊ တာကရာကျေးရွာ၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ(၆၀)ဦးနှင့်ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူ(၁၀)ဦး စုစုပေါင်း(၇၀)ဦးအား  ယမန်‌နေ့က ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ပိတောက်ကုန်းကျေးရွာနှင့် ဓမ္မ‌သော်‌ကျေးရွာရှိပြည်သူ (၁၅၄) အား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster dose အား ကွင်းဆင်း ထိုးနှံပေး
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက် / ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ပန်းတောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်နှိမ်နင်းတားစီးရေး ပြုလုပ်ခြင်းဆောင်ရွက်
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်အတွင်း၌ သွေးလွန်တုတ်ကွေး ကြိုတင်ကွယ်နှိမ်နင်းတားစီးရေးပြုလုပ်ခြင်းကို ယနေ့နံက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန သစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲရန် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
May 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီ အချိန်တွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ရှင်ယွန်းစံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ
May 11,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊‌‌ ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များအနက် ရပ်ကွက်စာကြည့်တိုက် (၁)တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။