သတင်းများ

မိုင်းဆတ်မြို့၌ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီက အ.ထ.က မိုင်းဆတ်ရှိ မြတ်ပညာခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မြစ်ကြီးနားမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ဒေသခံတိုင်းရင်းသူ အမျိုးသမီးငယ်များအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးမည်
May 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဒေသခံတိုင်းရင်းသူ အမျိုးသမီးငယ်များဘ၀ မိမိကိုယ်ပိုင်၀င်ငွေရရှိအောင် လုပ်ကိုင်နိုင်ရန်အတွက် အခြေခံစက်ချုပ်သင်တန်းကို မေလအတွင်း ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မြစ်ကြီးနားမြို့)၌ အခမဲ့ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းဖွင့်လှစ်
May 11,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိမြို့နယ် ကြက်ခြေနီအသင်း (ခွဲ)တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 11,2022
ရခိုင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်သူရ၊ အတွင်းရေးမှူး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Physical Fitness Dance သင်တန်းဖွင့်လှစ်
May 11,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Physical Fitness Dance သင်တန်းလှစ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် (Face to Face) သင်တန်းဖွင့်လှစ်
May 11,2022
မ​န္တလေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊​ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာ မူလတန်းအဆင့် Grade -5  သင်ရိုးသစ် မြို့နယ်အဆင့် (Face to Face)သင်တန်း ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။
ဒေးဒရဲမြို့ Community Centre ခန်းမ၌ လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေးစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရန်ဆောင်ရွက်
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မိုးများသည်းထန်စွာရွာသွန်းပါက ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ အဆိုပါရေကြီးရေလျှံမှုအားကာကွယ်ရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ စက်ယန္တရား အကူအညီဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က J My King ဟိုတယ်အနီး တံတားတွင် ပိတ်ဆို့နေသောအမှိုက်များကို ရှင်းလင်းလျက်ရှိကြောင်း သိရသည်။