ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန သစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲရန် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

​ရွှေဘို ​မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော  သစ်စိမ်း‌မြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီ အချိန်တွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ရှင်ယွန်းစံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက မျိုးစေ့ထုတ် တောင်သူများအား အရည်အသွေးပြည့်မီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ကြရန်  ဆောင်းသီးနှံ၊ နွေသီးနှံများကိုလည်း ပိုမိုအထွက်နူန်းတိုးတက်ရန် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေက ဆက်လက်ပြီးတောင်သူများအား အမှာစကားပြောကြားရာတွင် သစ်စိမ်းမြေဩဇာသုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများဖြစ်သည့် အထွက်နူန်းတိုးတက်ခြင်း၊ အခြား‌မြေဩဇာသုံးစွဲခြင်းထက်စာရင် ကမ္ဘာကြီးပူနွေးမှုကို ကာကွယ်နိုင်ခြင်း၊ ပိုက်ဆံလျှော်တင်သာမက ပဲအမျိုးမျိုးတွင်လည်းကောင်း၊ အခြားသီးနှံများတွင်လည်းကောင်း သုံးစွဲ၍ရရှိနိုင်ခြင်း၊ မြေဆီလွှာကိုမပျက်စီးခြင်း၊ ရေဓာတ်ကိုဖြည့်ဆည်းပေးနိုင်ခြင်းစသည်များကို ပြောကြားပြီး၊ ပိုက်ဆံလျှော်မျိုး စိုက်ပျိုးရာတွင် တစ်ဧကလျှင် လေးပြည်နူန်း စိုက်ပျိုးနိုင်ကြောင်း၊ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းမှရရှိနိုင်သည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီးနောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိူးဦးနှင့် အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်း၊ ခရိုင်စိုက်ပျိုး‌​ရေးဦးစီးမှူး ဦးတင်မောင်ဆွေတို့မှ  တောင်သူများအား  သစ်စိမ်း‌မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့​နောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တောင်သူများအားရင်းရင်းနှီးနှီး နူတ်ဆက်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်