လိပ်သိုဒေသထွက် လိုင်ချီးသီးများ ရောင်းအားကောင်း
May 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် နှစ်ရှည်သီးနှံတစ်မျိုး ဖြစ်သော လိုင်ချီးသီးများ ရင့်မှည့်လာ၍ ဒေသခံသီးနှံခြံပိုင်ရှင်များက ဆွတ်ခူးရောင်းချလျက်ရှိရာ အလုံးတစ်ရာပါတစ်ထုတ်ကို ကျပ် ၂၀၀၀မှ ကျပ် ၃၅၀၀ အထိ စျေးရရှိလျက်ရှိပြီး တောင်ငူမြို့သို့ အဓိကပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။