ပန်းတောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်နှိမ်နင်းတားစီးရေး ပြုလုပ်ခြင်းဆောင်ရွက်

ပန်းတောင်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်အတွင်း၌ သွေးလွန်တုတ်ကွေး ကြိုတင်ကွယ်နှိမ်နင်းတားစီးရေးပြုလုပ်ခြင်းကို ယနေ့နံက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ ရပ်ကွက်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှလိုက်ပါ၍ ရပ်ကွက်အတွင်းရှိ နေအိမ်များအား ဝင်ရောက်စစ်ဆေးခဲ့ကြသည်။ သောက်သုံးရေများ၌ ပိုးလောက်လန်းရှိ/ မရှိစစ်ဆေးခြင်း ကာကွယ်ဆေးများ ခပ်ပေးခြင်းများပြုလုပ်ကာ သွေးလွန်တုတ်ကွေးမဖြစ်ပေါ်စေရေးအတွက် ဖုံး/ သွန်/ လဲ/ စစ်ပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)