သတင်းများ

ဒေးဒရဲမြို့နယ်တွင် မိုးစပါးအထွက်တိုးရေးနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာတိုးချဲ့ စိုက်ပျိုးရေး အသိပညာပေးဆွေးနွေး
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်လှကျေးရွာအုပ်စု၊ တော်လှကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဘုရားတန်ဆောင်းတွင် မိုးစပါးအထွက်တိုးရေးနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုး‌ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 မြို့နယ်အဆင့် သင်ရိုးသစ် (Face to Face) သင်တန်းဖွင့်လှစ်
May 11,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 မြို့နယ်အဆင့် သင်ရိုးသစ် (Face to Face) သင်တန်းကို၊ ကျောက်ပန်းတောင်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ ဒုတိယနေ့ဖြစ်သည့် ယနေ့တွင် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမနှင့် နည်းပြ၊ ကြီးကြပ်သူ စုစုပေါင်း (၉၃၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ချီဖွေမြို့နယ်တွင် Grade-5 သင်ရိုးသစ် ဆင့်ပွားသင်တန်း မြို့နယ်အဆင့်ဖွင့်လှစ်
May 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မူလတန်းသင်ရိုးသစ် သင်တန်းပညာအရည်အသွေး တိုးတက်ရန်အတွက် Grade-5 သင်ရိုးသစ် ဆင်ပွားတန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က အ‌‌ခြေခံပညာအထက်တန်း (ချီဖွေ)ကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားပို့ချခဲ့သည်။
အုတ်ဖိုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်၏ လမ်းညွှန်မှုဖြင့် တိုက်နယ်ဆရာဝန်ဒေါက်တာ အေးမင်းသော်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့မ ၁ လမ်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရွှေတောင်မြို့နယ်ရှိ စက်မှုကုန်ကြမ်းသီးနှံ မိုးကြိုချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 11,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ရွှေတောင်မြို့နယ် မင်းကွန်းအုပ်စုရွာလှကျေးရွာ ကွင်းအမှတ် ၄၄၂ A ရှိ စက်မှုကုန်ကြမ်းသီးနှံ မိုးကြိုချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် (၅) ဧကအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်ဖြူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲပြုလုပ်
May 11,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများသည် ယမန်နေ့ မွန်းလွဲပိုင်းက စေတီယျရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) ကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများနှင့် ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသူများအား Booster Dose ဆေး ဆက်လက်ထိုးနှံပေး
May 11,2022
ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန်အတွက် စုရပ် (၁၀)နေရာတွင်  ယနေ့နံနက် ၉ နာရီမှ စတင်၍ ညနေ(၄)နာရီထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး Booster (Astra Zeneca) ဆက်လက်ထိုးနှံ
May 11,2022
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Astra Zeneca) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ယမန်နေ့နံနက် ၉:၀၀နာရီက ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။